ပုသိမ် သြဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရုံးတွင် " လူသားအချင်းချင်းစာနာလို လူကုန်ကူးမှု တိုက်ဖျက်စို့ "ဆောင်ပုဒ်နှင့်အညီ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယနေ့ နံနက်ပိုင်းမှ စတင်၍ ဦးစီးဌာနရုံးရှေ့တွင်ပြသထားရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။
အဆိုပါ ပြဘုတ်တွင် လူကုန်ကူးခံရခြင်း အကြောင်းအရင်းများ၊ လူကုန်ကူးခံရခြင်း အဆင့်ဆင့်၊ လူကုန်ကူးခံရခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများ၊ လူကုန်ကူးမှုမခံရအောင် သတိပြုရမည်အချက်များ၊ လူကုန်ကူးမှုကျူးလွန်ပါက ကျခံရမည်ပြစ်ဒါဏ်များ၊ မြန်မာနိုင်ငံတွင် ဖြစ်ပွားလျက်ရှိသော လူကုန်ကူးမှုအမျိုးအစားများ၊ ပညာပေးကာတွန်းများ၊ အကြောင်းတစ်စုံတစ်ရာ ရှိလာပါက ဆက်သွယ်ရမည့် လိပ်စာနှင့် ဖုန်းနံပါတ်များကို ပြသထားကြောင်းနှင့် လူကုန်းကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး Talk Show ကို လာမည့် သြဂုတ်လ ၃၀ ရက်နေ့တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်မြင့်(ပြန်/ဆက်)