ညောင်ဦး ဒီဇင်ဘာ ၇
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ သစ်ထုတ်ရေးဌာနက ဖွင့်လှစ်ထား ရှိသည့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အနောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်က မ်းဘေးတွင် ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာယာ ဆင်စခန်းဝင်းအတွင်း ဖွင့်လှစ်ပြသသွားမည့် နိုင်ငံတကာအဆင့်မီ ပလင်းကမ်းသာ ဆင်ပြတိုက်ကြီးအတွင်း ဆင်များနှင့်ပတ်သက်၍ ဆင်တစ်ကောင်လုံးအရိုးစု၊ ဆင်ဝန်ထမ်းများနေအိမ်၊ ဆင်များတော တွင်း လုပ်ရှား ရုန်းကန်ရပုံများကို ပလင်းကမ်းသာယာဆင်စခန်းရှိ ဆင်ပြတိုက်တွင် လေ့လာနိုင်ကြောင်း သိရ သည်။
ပလင်းကမ်းသာယာဆင်စခန်းတွင်ပြသမည့် ဆင်ပြတိုက်
အဆိုပါ ပလင်းကမ်းသာယာဆင်စခန်းအား ၂၀၁၈ခုနှစ် မတ်လ ၂၈ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ လေးနှစ်ပြည့်မြောက်တော့မည်ဖြစ်ကြောင်းလည်း သိရသည်။ မြန်မာ့ဆင်များအား ကာကွယ် ထိန်းသိမ်းနိုင်ရေး ဆင်စခန်းများ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ် ထးရှိပြီး ဆင်စခန်းများအတွင်း ဆင်များ၏ သဘာဝ၊ နေထိုင်မှု၊ အလေ့အထများကို ဆင်ချစ်သူများ ပိုမိုသိနားလည်လာပြီး ပြည်သူများအနေဖြင့် ဆင်များကို ပိုမိုချစ်ခင်တန်ဖိုးထားလာတတ်စေရန်၊ မြန်မာ့သစ်လုပ်ငန်းအနေဖြင့် ဆင်များကိုစနစ်တကျ ထိန်းသိမ်း စောင့်ရှောက်လျက်ရှိသည်ကို ဆင်စခန်းများထားရှိဖွင့် လှစ်ထားခြင်းများအား လက်တွေ့လေ့လာကြည့်ရှုခြင်းဖြင့် သိမြင်နိုင်ကာ ဆင်ဦးစီးနှင့်ဆင်တို့၏ ကောင်းမွန်သည့် ရင်းနှီးသည့်ဆက်သွယ်မှု၊ဆက်နွယ်မှုကိုသိရှိနိုင်ပြီး မြန်မာ့သဘာဝ သစ်တောများတွင် တောဆင်များကို ထိန်းသိမ်းကာကွယ်နိုင်စေရန်နှင့် ဆင်နှင့် ဆင်အစိတ်အပိုင်းများ တရားမဝင် ကူးသန်းရောင်းဝယ်နေမှုများအား တားဆီးနှိမ်နှင်းရေး လုပ်ငန်းများတွင် ပြည်သူလူထုသိမြင်နိုးကြားလာပြီး ပူးပေါင်း ကူညီဆောင်ရွက်လာစေရန်၊ ဆင်များသည် ဂေဟစနစ်အား ဟန်ချက်မျှစေသည့် ကဏ္ဍတွင် အရေးပါသည်ကို ဆင်ချစ် သူများနှင့် အများပြည်သူလူထုသိရှိစေရန် ရည်ရွယ်ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း လက်ထောက်အထွေထွေ မန်နေဂျာ ဦးအောင်ဌေးက ရှင်းပြသည်။
ယခုဖွင့်လှစ်ပြသထားသည့် ပလင်းကမ်းသာယာဆင်စခန်းဝင်းတွင်းရှိ ဆင်ပြတိုက်ကြီးတွင် အောက်ဖော်ပြပါ ပြကွက်များကို လေ့လာနိုင်ရန် ပြသထားကြောင်း….
ဆင်အကြောင်းသမိုင်း၊ အာရှဆင်များ၏ နေထိုင်ကျက်စားမှု၊ မြန်မာ့သစ်လုပ်ငန်းပိုင် ဆင်များနေထိုင် ကျက်စားမှု/ မြန်မာနိုင်ငံတွင် ဆင်များနေထိုင်ကျက်စားမှု၊ အာရှဆင်နှင့် အာဖရိကဆင်တို့၏ ခြားနားချက်၊ ဆင်များ၏ ဆင့်ကဲပြောင်း လဲမှုဖြစ်စဉ်၊ ဆင်စွယ်အကြောင်းသိကောင်းစရာနှင့် မြန်မာနိုင်ငံတွင် ဆင်စွယ်အမျိုးအစားခွဲခြားထားမှုများ၊ မြန်မာ့ သမိုင်းတွင် ဆင်များ၏ အရေးပါမှု၊မြန်မာနိုင်ငံမှ ဆင်ဖြူတော်များ၊ မြန်မာနိုင်ငံမှတောဆင်များ ဆင်စွယ်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းများအတွက် သတ်ဖြတ်ခံနေရသည့် အန္တရာယ်နှင့်ကြုံတွေ့နေရသည့် နေရာပြကွက်များ၊ တောဆင်ရိုင် များကို တရားမဝင်သတ်ဖြတ်၍ ဆင်နှင့်ပတ်သက်သည့် ခန္ဓာကိုယ်အစိတ်အပိုင်းများ ကမ္ဘာတွင် တရားမဝင် ဈေးကွက် ဖြစ်ပေါ်ရောင်းချနေကြပုံနှင့် ထိုသို့ပြုမူသော ပြစ်မှုများအတွက် ပြစ်ဒဏ်ချမှတ်မှုများ၊ နိုင်ငံတော်အစိုးရအနေဖြင့် တောဆင်ရိုင်းများ ကာကွယ်ရေးနှင့် ဆင်နှင့်လူပဋိပက္ခများ ဖြေရှင်းရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းပြကွက်များ၊ ကမ္ဘာ့ဆင်များနေ့အကြောင်းသိ ကောင်းစရာ၊ မြန်မာ့သစ်လုပ်ငန်း၏ အရေးပေါ် တောဆင်မောင်း အဖွဲ့ ဆောင်ရွက်နေမှုများ၊ မြန်မာ့သစ်လုပ်ငန်း၏ ဆင်များကို စနစ်တကျ ထိန်းသိမ်းပြုစုစောင့်ရှောက်ခြင်း ဆောင်ရွက်နေမှုများ၊ ဆင် များ၏အလေ့အထ၊သဘောသဘာဝ၊ အမူအကျင့်နှင့်ဇီဝကမ္မဆိုင်ရာ အချက်အလက်များ၊ မြန်မာ့သစ် လုပ်ငန်းပိုင်ဆင်များ၏ အသက်အရွယ်နှင့်အလုပ်လုပ်နိုင်စွမ်းအားကို မူတည်၍အတန်းအစားခွဲခြား ထားခြင်း ၊ဆင်ဦးစီးများ ဆင်ကိုထိန်းချုပ်နိုင်သည့် အာရုံကြောနေရာများ ၊ မှိန်းသင်ကြားခြင်းဆိုင် ရာအချက်အလက်များ၊ မြန်မာ့သစ်လုပ်ငန်းမှဆင်အမွှာပူးမွေးခဲ့သည့်မှတ်တမ်း၊ မြန်မာနိုင်ငံတွင် ဆင်ဦးစီးများ အသုံးပြုသည့် အမိန့်ပေးသံများ (စကားလုံး)များ၊ လေ့လာနိုင်မည်ဖြစ်ကြောင်း လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကိုကရှင်းပြသည်။
ပလင်းကမ်းသာယာဆင်ပြတိုက်တွင် ဆင်များကိုထိန်းချုပ်ခိုင်းစေရာတွင် အသုံးပြုသည့် ပစ္စည်းကိရိယာ တန်ဆာပလာများ၊ တောတွင်းဆင်ဝန်ထမ်းများနေထိုင်သည့် ဆင်ဝိုင်းပုံစံငယ်အိမ် အိမ်များ၊ နိုင်ငံတော် သစ်လုပ်ငန်းအဖွဲ့ လက်ထက်က အသုံးပြုခဲ့သည့်ဆင်မှတ်ပုံတင်စာအုပ်၊ဆင်တစ် ကောင်ချင်းစီအတွက် အသေးစိတ်အချက်အလက်များ ရေသွင်းထားသည့် စာအုပ်ပုံစံ(ည)၊ သစ်ထုတ် ရေးဌာန၏ ဌာနဆိုင်ရာ ညွှန်ကြားလွှာ၊ အမှုထမ်းများလိုက်နာရန် အမိန့်လက်စွဲစာအုပ်များ၊ အမျိုးအ စားမတူသည့် ဆင်စွယ်လေးစုံ၊ ဆင်သားရေ ၊ဆင်စွယ်ဖြတ်စ၊ဆင်မြှီးများ၊ အသက်(၅၆)နှစ်အရွယ်တွင် သေဆုံးခဲ့သည့် ဆင်တစ်ကောင်လုံး၏ အရိုးစုပြခန်း၊ မြန်မာ့သစ်လုပ်ငန်းမှ ဆင်ဦးစီးယူနီ ဖောင်း ဝတ်စုံ၊ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ ဆောင်ရွက်လုပ်ကိုင်နေမှုများ ၊ဆင်ဦးစီးများ၏ တော တွင်းနေ ထိုင်မှု ဘဝစသည့် ဗွီဒီဖိုင်များပြသထားသည့် ဆင်နှင့်ပတ်သက်သည့်မှတ်တမ်းဗွီဒီယိုပြသ ပေးထားကြောင်း၊ ဆင်စွယ်များ ဖြစ်သည့် အခေါ်အဝေါ် သပိတ်ပိုက်ဆင်စွယ်စုံ၊ စွယ်တုတ်ဆင်စွယ်စုံ ၊စွယ်ဝိုက်ဆင်စွယ်စုံ၊ စွယ်စိုက်ဆင်စွယ်စုံများကို လေ့လာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆင်စခန်းဝင်ကြေးအဖြစ် တစ်ထောင်ကျပ်၊ ဆင်စာတစ်ဗန်းတစ်ထောင်ကျပ်၊ ဆင်စီးခ ပြည်တွင်း ငါးထောင်ကျပ်နှင့် ပြည်ပတစ်သောင်းကျပ်တို့အား ဆင်စခန်းဝင်ကြေးကောက်ခံကာ ဆင်ပြတိုက်အား အခမဲ့ဝင်ရောက်ကြည့်ရှုနိုင်အောင် စီစဉ်ထားရှိပေးထားမည်ဖြစ် ကြောင်းသိရသည်။ ပလင်းကမ်းသာယာဆင်စခန်း ဧရာဝတီမြစ် ဘက်အထွက် လေညှင်းခံတံတားတည်ဆောက်နေရာ လျှောက်လမ်းအရှည် (၁၁၀)ပေ၊ တံတားပေါ်တွင် ဆဌဂံအဆောင် (၂၄ ပေ ၃၀ပေ) တစ်ဆောင် ပါဝင်ကာ တံတားစုစုပေါင်းအရှည် (၁၃၀)ပေ၊ တံ တားလျှောက်လမ်း ခန်းပွင့်အကျယ် (၈)ပေ၊ ဆဌဂံဆောင်အခန်း ဖွင့်အကျယ်(၆)ပေ၊ တံတားတိုင် ပေါင်း(၈၃)လုံး(ကျွန်း)တိုင်များဖြင့် တည်ဆောက်ပြီး ဆင်ပြတိုက်နှင့်အတူလေ့လာ လေညင်းခံနိုင်ရန် ဧရာဝတီမြစ်ကြောင်း အလှကြည့် ရှုနိုင်ရန် ရှုခင်းကြည့်တံတားပေါ်မှ ရှုခင်းကြည့်နိုင်ပြီး ဆင်စခန်းသို့ လာရောက်လေ့လာ လည်ပတ်သများ နားနေနိုင်ရန် မြစ်ကမ်းဘေးတစ်လျှောက် ခြေတံရှည်ထန်း ရွက်မိုးနားနေတဲများ၊ သစ်ပင်ကြီးများနှင့် တွဲတည်ဆောက်ထားသည့် နားနေဆောင်များပေါ်တွင် အပန်းဖြေနိုင်သေးကာ ပလင်းကမ်းသာယာဆင်စခန်းတွင် စွယ်စုံ ဆင်ထီး(၃)ကောင်နှင့် ဆင်မ(၄)ကောင် စုစုပေါင်း(၇) နှစ်ကောင်ရှိပြီး ဆင်စခန်းရှိ လေဘယ်အညွှန်း လမ်းညွှန်များအားလုံး မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးသားထား ကြောင်း သိရသည်။
ကိုထိန်၊KPD