ဟိုပုံး ဩဂုတ် ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲရုံများဆောင်ရွက်ထားရှိမည့် နေရာများနှင့် မဲဆန္ဒရှင်စာရင်း များ ပြည့်စုံမှန်ကန်မှုရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီ အချိန်က စတင်၍ တိလုံကျေးရွာ အုပ်စုတွင် တစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်စေ ရေးကွင်းဆင်းစစ်ဆေးရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချူပ် ရေးမှူး ဦးနန်းတင့်နှင့် မြို့နယ်ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းလွင်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချူပ်ရေးမှူးများမှ ပူးပေါင်းကွင်းဆင်းစစ်ဆေးခဲ့ကြ ကြောင်း၊ ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မဲရုံဆောင်ရွက်ထားရှိမည့် တိလုံကျေးရွာအုပ်စု၊ စမ်းစုတ် ကျေးရွာ၊ နောင်ကွင်ကျေးရွာနှင့် ဆိုက်ခေါင်ကျေးရွာရှိ စာသင်ကျောင်းများနှင့် မဲဆန္ဒရှင်ပြည်သူများ စာရင်းမှန်ကန်မှုရှိစေရေး တစ်အိမ်တက်ဆင်း သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင် စစ်ဆေးမှုများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေမင်းထွန်း(ဟိုပုံး)