ကျိုင်းတုံမြို့၌ တိုင်းရင်းဆေးသမားတော်များနေ့နှင့် ဆေးရုံ(၂)နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပ

ကျိုင်းတုံ မတ် ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် တိုင်းရင်းဆေးသမားတော်များနေ့နှင့် ဆေးရုံ(၂)နှစ်ပြည့် နှစ်ပတ် လည်နေ့ အခမ်းအနားကို ယမန်နေ့  နံနက် ၉ နာရီက ကျိုင်းတုံမြို့၊ တိုင်းရင်းဆေးရုံ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက အမှာစကားပြောကြားပြီး  ခရိုင် တိုင်းရင်း ဆေးပညာဦးစီးဌာနမှူး ဦးမင်းဟန်က တိုင်းရင်းဆေးသမားတော်များနေ့ အထိမ်းအမှတ် စကား ပြောကြားခဲ့သည်။

ဆက်လက်ပြီး ကျိုင်းတုံမြို့၊ တိုင်းရင်းဆေးရုံအုပ် ဦးမြင့်ခိုင်က တိုင်းရင်း ဆေးသမားတော်များနေ့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းရင်းဆေးသမားတော်များက နဝရက်ဂတိ သစ္စာရွတ်ဆိုကြသည်။

ထို့နောက် ဆေးရုံအတွက် အာဟာရဒါန၊ မီးစက်နှင့် အခြားလိုအပ်သည့် ပစ္စည်းများကို လှူဒါန်းပေးသည့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ပြီး ဆေးရုံတက်လူနာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရ သည်။

အောင်ဇင်မြင့်(ပြန်/ဆက်)