ပုဗ္ဗသီရိ ဒီဇင်ဘာလ ၁၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေး အခြေခံယာဉ်မောင်းသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ အခြေခံယာဉ်မောင်းသင်တန်းဖွင့်ပွဲကို ဒီဇင်ဘာလ ၁၁ရက်နေ့ နံနက် ၉နာရီက ဖွင့်လှစ်ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းတာဝန်ခံ လက်ထောက်အင်ဂျင်နီယာ ဦးရဲဝင်းအောင်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်းဘာသာရပ်များဖြစ်သည့် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်းများ၊ မော်တော် ယာဉ်ကြိုတင်ကာကွယ်မောင်းနှင်နည်းများ၊ မော်တော်ယာဉ်ဖွဲ့စည်းတည်ဆောက်ပုံနည်းများ၊ ယာဉ်မောင်းနှင်သူများ၏ သိရှိလိုက်နာရမည့်အချက်များ စသည်များကို သင်ကြားပို့ချပေးကြောင်း သိရသည်။
အဆိုပါ ယာဉ်မောင်းသင်တန်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ပြီး သင်တန်းသား ၁၀ဦး မှ ၁၅ဦး တက်ရောက်သင်ကြား လျက်ရှိကာ သင်တန်းကာလကို အများသူဌာအဆင်ပြေစေရန် စနေ၊တနင်္ဂနွေ ၂ရက်၊စုစုပေါင်း ၁၀ ရက် (ရက်သတ္တပတ် ငါးပတ်) တွင် နံနက် ၉နာရီမှ၊ညနေ ၃နာရီထိ စာတွေ့၊လက်တွေ့ သင်ကြားပို့ချ ပေးကြောင်းနှင့် သင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် သင်မောင်းလိုင်စင်ရှိသူမှသာ တက ရောက်၍ရမည်ဖြစ်ပြီး နိုင်ငံသားမှတ်ပုံတင်မိတ္ထူ၊ (သ)လိုင်စင်မိတ္ထူ၊ ဓာတ်ပုံ၊ သင်တန်းကြေးများ လိုအပ်ကြောင်းနှင့်Auto နှင့် Manual မောင်းနည်းနှစ်မျိုးလုံးကို သင်ကြားပေးကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)