ဟားခါးမြို့၌ ပထမအကြိမ် လုပ်ငန်းခွင်အကြိုဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲ အခမ်းအနား ကျင်းပ

 

ဟားခါး၊ မတ် ၈

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဉီးစီးဌာန ၊ ဟားခါးပညာရေးကောလိပ် ၂၀၁၈−၂၀၁၉ ပညာသင် နှစ် ပထမအကြိမ် လုပ်ငန်းခွင်အကြိုဆရာအတက်ပညာ ဒီပလိုမာအပ်နှင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက ဟားခါး ပညာရေးကောလိပ်၌ကျင်းပရာ ချင်းပြည်နယ် အစိုးရ အဖွဲ့ဝင်ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကအမှာစကားပြောကြားသည်။                                                     

ထို့နောက် ဟားခါးပညာရေးကောလိပ် ကျောင်းအုပ်ဆရာမကြီးဒေါ်မိညိုညိုရှိန်က လုပ်ငန်းခွင်အကြို ဆရာအတတ်ပညာ ဒီပလိုမာအပ်နှင်းပွဲနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာ သင်တန်းကာလအတွင်းမှာ သင်တန်းသားများကို အကျင့်စာရိတ္တကောင်းမွန်ပြီး လက်တွေ့ လူနေမှုဘဝမှာ ထူးချွန်ထက်မြက်သည့် သင်ကြားမှု အရည်အသွေးမြင့်မားသော ဆရာကောင်းဆရာမွန်များ ဖြစ်လာစေဖို့အတွက် ကာယ၊ ဉာဏ၊စာရိတ္တ ၊ ရသ ၊ သက်မွေးစသည့် ဘက်စုံပညာများကို စာတွေ့လက်တွေ့ပြုစု ပျိုးထောင် ပေးပြီး ဖြစ်ကြောင်း ၊ ၂၁ ရာစု ပညာခေတ်၏ စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းကျော်လွှားနိုင်မည့် လူ့စွမ်းအား အရင်းအမြစ်များကို လေ့ကျင့်မွေးထုတ်ရာတွင် ဆရာများသည် အဓိကဦးဆောင်မှုအခန်းကဏ္ဍမှပါ ဝင်နေကြောင်း ၊ ထို့အပြင် အရည်အသွေးရှိသည့် ပညာရေး ဖြစ်လာစေဖို့အတွက် အရည်အသွေး ပြည့်ဝသည့် ဆရာ၊ဆရာမများက အဓိက ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဟားခါးပညာရေးကောလိပ်ကျောင်းအုပ်ဆရာမကြီးဒေါ်မိညိုညိုရှိန်က ဒီပလိုမာ အောင်လက်မှတ်ရရှိသည့်  D.T.E.D အမှတ်စဉ် (၂၂/၁၇)တွင် ပညာရေးတက္ကသိုလ် ဆက်လက်တက်ခွင့်ရရှိသူ (၅)ဦး ၊ လုပ်ငန်းခွင်ဝင်ရောက်မည့်သူ (၄၅)ဦး စုစုပေါင်း(၅၀)ဦးကို ဆရာအတတ်ပညာ ဒီပလိုမာ အပ်နှင်းခဲ့ကြောင်း သိရှိရသည်။

ကျော်စွာ(ပြန်/ဆက်)