ကျိုင်းတုံပညာရေးကောလိပ်၌ (၂၂)ကြိမ်မြောက် ဆရာအတတ်ပညာဒီပလိုမာအပ်နှင်းပွဲ ကျင်းပ

ကျိုင်းတုံ မတ် ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံပညာရေးကောလိပ်တွင်(၂၂)ကြိမ်မြောက် ဆရာအတတ်သင်ပညာ ဒီပလိုမာအပ်နှင်းပွဲကို ယနေ့ နံနက် ၉ နာရီက  အဆိုပါကျောင်းခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ကျိုင်းတုံပညာရေးကောလိပ် ကျောင်းအုပ်ကြီး ဒေါက်တာနုနုအေးက ဆရာအတတ်သင်ပညာ ဒီပလိုမာ အပ်နှင်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဘွဲ့ရမောင်မယ် ၉၄ ဦးအား ဆရာ အတတ်သင်ပညာဒီပလိုမာဘွဲ့လက်မှတ်များ ပေးအပ်ချီးမြှင့်သည်။

အဆိုပါဘွဲ့ရမောင်မယ်များအား ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်းရှိ သင်ကြားဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသော အခြေခံပညာကျောင်းများတွင် တာဝန်ပေးခန့်အပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)