လပွတ္တာမြို့နယ်တွင် ဧရာဝတီတိုင်း‌‌ဒေသကြီး တာဝန်ခံရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများ လာရောက်စစ်ဆေး

လပွတ္တာ ဩဂုတ် 3

လပွတ္တာမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ယမန်နေ့ နံနက် ၇ နာရီ ၃၀နာရီအချိန်က ဧရာဝတီတိုင်းဒေသကြီး တိုင်းတာဝန်ခံ အဖွဲ့ဝင်အမှတ် (ဦးခင်မြင့်စိုး၊ အဖွဲ့ဝင် ဦးအေးကို တိုင်းဒေသကြီး စာရင်းစစ်ဦးစီးဌာန၊ အဖွဲ့ဝင် ဦးလှမျိုးအောင် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများ စစ်ဆေးဆောင်ရွက်ခဲ့သည်။

မြို့နယ်မဲဆန္ဒရှင်စာရင်းများ ပုံစံ၃၊ ပုံစံ ၄၊ ပုံစံ ()စာရင်းများ စိစစ်ခြင်း၊ ကွန်ပျူတာရိုက်စာရင်းသွင်းခြင်း၊ မှတ်ပုံတင်ကွက်လပ်ဖြည့်စာရင်းများ ရေးသွင်းခြင်းလုပ်ငန်းများ တာဝန်ယူဆောင်ရွက်လျက်ရှိသော ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများအား တွေ့ဆုံ၍ အခက်အခဲရှိပါက ပြောကြားရန်၊ ယခုကဲ့သို့ ဌာနဆိုင်ရာများမှ ကူညီဆောင်ရွက်ပေးသည့်အတွက် မဲစာရင်းစစ်ဆေး၊ စာရင်းရေးသွင်းခြင်းလုပ်ငန်းများ ပြီးစီးမည်ဖြစ်ကြောင်း တိုင်းတာဝန်ခံ ဦးခင်မြင့်စိုးမှ ပြောကြားသည်။

မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးမှ မြို့နယ်တွင် ဆောင်ရွက်ပြီးစီးသည့်လုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများအား တင်ပြဆွေးနွေးကြပြီး လိုအပ်သည်များကို တိုင်းတာဝန်ခံနှင့် အဖွဲ့ဝင်များမှအကြံပြုဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

ဝင်ကျော်မြင့်  -လပွတ္တာခရိုင် (ပြန်/ဆက်)