လွယ်ဂျယ်မြို့ ပြန်/ဆက်ရုံး Community Center ခန်းမတွင် စာဖတ်ဝိုင်းပြုလုပ်

လွယ်ဂျယ်      သြဂုတ်       

ဗန်းမော်ခရိုင်၊ လွယ်ဂျယ်မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမတွင် ယမန်နေ့ မွန်းလွဲ နာရီက စာရေးဆရာအောင်သင်း၏ နှလုံးသားကို လေးပေါ်တင်၍ပစ်သောအခါ စာအုပ်ဖြင့်စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်/ဆက်ဦးစီးမှူး ဦးထွန်းထွန်းနိုင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စာဖတ်ဝိုင်းသို့တက်ရောက်လာသော ဦးဒေါင်ခေါင်က စာရေးဆရာအောင်သင်း၏နှလုံးသားကိုလေးပေါ်တင်၍ပစ်သောအခါ စာအုပ်မှ အတွေ့နှင့်အတွေး၊ ဦးထွန်းအောင်မျိုးက လူငယ်နှင့်သည်းခံမှု၊ ဒေါ်မျိုးသဇင်ငြိမ်းက ခွန်အား စွမ်းပကားကြီးသောသူ စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဦးထွန်းထွန်းနိုင်က စာအုပ်ပါအကြောင်းအရာများကိုခြုံငုံသုံးသပ် ဆွေးနွေး ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းသို့ စာပေဝါသနာရှင်()ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

လွယ်ဂျယ်  ပြန်/ဆက်