ပျော်ဘွယ် ဒီဇင်ဘာ ၁၇
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတို့ပူးပေါင်းကျင်းပသည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အကြို စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲနှင့် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင်ဆုရရှိသူများ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၉)နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ အမှတ်(၇၁)သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ယာယီတပ်မမှူး ဒုတိယဗိုလ်မှူးကြီး နေမျိုးထက် က အမှာစကားပြောကြားပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုး က ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးနေမှုများကို ရှင်းလင်းဆွေးနွေးကာ မြို့နယ်ဒုတိယပညာရေးမှူး ဦးသန်းဇော်လင်း က ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ ယာယီတပ်မမှူး ဒုတိယဗိုလ်မှူးကြီး နေမျိုးထက် နှင့်တာဝန်ရှိသူများက အထက်တန်း အဆင့်နှင့်အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများ၊ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများက မြို့နယ်ရုံးတွင် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြိုအဖြစ်ပြသထားသည့် စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)