ဒီးမော့ဆိုမြို့နယ်တွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့မှ စာဖတ်ဝိုင်း ပြုလုပ်

ဒီးမော့ဆို    သြဂုတ်   ၂၃

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီမော့ဆိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့တို့ ပူးပေါင်း၍                “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီ က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် စာအုပ်စာပေချစ်မြတ်နိုးသူများအသင်း (Book Club) ဥက္ကဋ္ဌ ဦးသိန်းဇော်၊ အဖွဲ့ဝင်များဖြစ်ကြသော ဒေသခံ စာရေးဆရာမှ ဦးနေဇော်လှိုင်၊ ဦးစိုးထွန်းနှင့် စာပေဝါသနာရှင် ဦးဇိုဝါးနစ်၊ ဦးစောဝါးရီထူး တို့က “တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှုမျက်နှာစာ စာအုပ်ပါ အကြောင်းအရာများအား ခေါင်းစဉ်အလိုက် အသီးသီးဆွေးနွေးခဲ့ကြသည်။

စာဖတ်ဝိုင်းပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကြီးဒဲရယ် က စာပေဝါသနာရှင်များ အချင်းချင်း အပြန်အလှန်ဆွေးနွေးခြင်းဖြင့် အသိပညာဗဟုသုတ တိုးပွားစေရန်၊ စုပေါင်းဆွေးနွေးတတ်သည့် အလေ့အကျင့်များရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ကြီးဒဲရယ်