ပုလော သြဂုတ် ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော် ဦးဆောင်သောအဖွဲ့က မဲဆန္ဒရှင်များ ပြည့်စုံမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေး ယနေ့နံနက် ၈ နာရီက ပုလောမြို့ အမှတ် (၃)ရပ်ကွက်တွင် တစ်အိမ်တက်/ဆင်း ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ မဲဆန္ဒရှင်စာရင်များ တိုက်ဆိုင်စစ်ဆေးရာတွင် ပုလောမြို့နယ်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္နှင့် အဖွဲ့၀င်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ လူမှုရေးအသင်းအဖွဲ့များမှ ပူးပေါင်း၍ အဖွဲ့များခွဲကာ ပုလောမြို့နယ်အတွင်း ရပ်ကွက် /ကျေးရွာ အသီးသီးရှိ မဲရုံများ ဆောင်ရွက်ထားရှိမှု၊ စာသင်ကျောင်းများနှင့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးအတွက် တစ်အိမ်တက်/ဆင်း သွားရောက်ကာ မဲဆန္ဒရှင်ပြည်သူများနှင့် တိုက်ဆိုင်စစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အေးအေးမော် (ပုလော၊ ပြန်/ဆက်)