သီပေါ မတ် ၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးဌာနတို့ပူးပေါင်း၍ သီပေါမြို့နယ် နမ့်လန် ကျေးရွာ စည်ပင်သာယာစျေးနှင့်ရပ်ကွက်များအတွင်းရှိ လူသုံးကုန်ပစ္စည်းဖြစ်သော ဆက်သွယ်ရေးပစ္စည်းအရောင်းဆိုင်၊ အိမ်သုံးပစ္စည်းအရောင်းဆိုင်၊ စတိုးဆိုင်နှင့် ကုန်မျိုးစုံရောင်းဝယ်ရေးဆိုင်များသို့အသိပညာပေးဆွေးနွေးခြင်းနှင့် စျေးကွက်စောင့်ကြည့်စုံစမ်းလေ့လာခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက် ၁၀နာရီ အချိန်ကဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူးဒေါ်ခင်မာရီက အဆိုပါ အရောင်းဆိုင်ပိုင်ရှင်များအား မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်မှညွှန်ကြားထားသောကုန်အညွှန်း အမှတ်အသားများဖော်ပြပါရှိသော ကုန်ပစ္စည်းများသာဖြန့်ဖြူးရောင်းချစေရေး၊ ကုန်ပစ္စည်း အမျိုးအစား အလိုက်မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြပါရှိရေးစသည်တို့နှင့် ပတ်သက်၍ အသိပညာပေး ရှင်းလင်း ပြောကြားခဲ့ပြီး စျေးကွက်စောင့်ကြည့်စုံစမ်းလေ့လာခြင်း လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခင်လေး(မြို့နယ် ပြန်/ဆက်)