ချီဖွေ မတ် ၇
မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အခြေခံပညာအထက်တန်းကျောင်း၌ ယခုလ ၁၁ ရက်နေ့ တွင် ကျင်းပမည့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ကျောင်းသူများ စာမေးပွဲဖြေဆိုနေစဉ် မီးဘေးအန္တရာယ်လုံခြုံစေရန်နှင့် လျှပ်စစ်မီးရရှိရေးအတွက်မီးသတ်ဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းအချိန်က တက္ကသိုလ်ဝင်စာမေးပွဲကျင်းပပြုလုပ်မည့်စာစစ်ဌာနသို့ လိုက်လံကြည့်ရှု ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန ဒုတိယမီးသတ်ဦးစီးမှူးဦးအောင်ဖြိုးဝေ၊ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးရေးလုပ်ငန်း မြို့နယ်လျှပ်စစ်မှူးဦးထွန်းထွန်းနိုင်နှင့် အရံမီးသတ်တပ်ဖွဲ့ဝင်များက ဖြေဆိုမည့်စာစစ်ဌာနတွင် လျှပ်စစ်မီးအသုံးပြုမူများ၊ မီးဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကတ်၊ သဲ၊ မီးသတ်ဆေးဘူးထားရှိမှုအခြေအနေနှင့် ကျောင်းပတ်ဝန်းကျင်အတွင်း သစ်ရွက်ခြောက်များ၊ အမှိုက်များ ရှင်းလင်းထားရှိမှု အခြေအနေကိုလည်းကောင်း၊ ရေလှောင် ကန်များ၌ ရေသိုထားရှိမှုများကို စစ်ဆေးကြည်ရှုပြီးလိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြသည်။
ချီဖွေမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ တက္ကသိုလ်ဝင်စာမေးပွဲကို အထက (ချီဖွေ)၊ အထက (ခွဲ)နိုဇွန်ဘော်၊ အထက(ပန်ဝါ)၊ အထက(ဆော့လော်)ရှိ နယ်အသီးသီးတို့မှ ပြင်ပဖြေဆိုမည့်သူများ အပါအဝင် ကျောင်းသား/ကျောင်းသူ ကျား(၆၀)ဦး ၊ မ(၆၀)ဦးစုစုပေါင်း (၁၂၀)ဦး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက် ဖြေဆိုသွားမည်ဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးကျော်မင်းစိုးထံမှ သိရှိရသည်။
ဇင်မာဝင်း(ပြန်/ဆက်)