အင်ဂျန်းယန်မြို့၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနှင့် ပတ်သက်သော အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ

အင်ဂျန်းယန်   သြဂုတ် ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးနိုင်ရေး၊ မဲဆန္ဒရှင်စာရင်းများ မကျန်ရှိစေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ထုတ်ဝေသည့် “မဲဆန္ဒရှင်စာရင်းတွင် သင့်အမည် ပါဝင်ပါသလား  အသိပညာပေးလက်ကမ်းစာစောင်များကို  ယမန်နေ့ နံနက်(၈)နာရီအချိန် က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း လူစည်ကားရာအရပ်များဖြစ်သည့် စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးအတွင်းရှိ ကုန်မျိုးစုံဆိုင်များ၊ မြို့တွင်းလမ်းမကြီးများနှင့် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များသို့ လှည့်လှည်၍ မဲဆန္ဒရှင်များထံသို့ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ လက်ကမ်းစာစောင်တွင် မဲပေးပိုင်ခွင့်ရှိသူများအနေဖြင့် မိမိအမည် မပါဝင်ပါက ပုံစံ(၃)ဖြင့် အမည်ထည့်သွင်းတောင်းဆိုရန်၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ရန်၊ မဲစာရင်းပါ အချက်အလက်မျာ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်ဖြည့်စွက် ပယ်ဖျက်ခြင်းများ ဆောင်ရွက်နိုင်ရန်နှင့် မဲဆန္ဒရှင်ပြည်သူများမှ မဲစာရင်းများတွင် မိမိအမည် ပါ/မပါကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများသို့ သွားရောက် ကြည့်ရှုနိုင်ကြောင်း စသည့်အချက်များ ပါဝင်ကြောင်းသိရှိရသည်။  

ကျော်စိုးနိုင်(ပြန်/ဆက်)