အင်ဂျန်းယန်မြို့နယ်၌ ပထမအကြိမ် မဲစာရင်းကြေညာမှုအပေါ် မှတ်ပုံတင်အမှတ်လိုအပ်ချက်များ ဖြည့်သွင်းဆောင်ရွက် ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

အင်ဂျန်းယန်   ဩဂုတ်  ၂၃

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ အင်ဂျန်းယန်မြို့နယ်၌ ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်းကြေညာရာ တွင် လိုအပ်ချက်များဖြစ်ပေါ်ခဲ့သည့် မှတ်ပုံတင်အမှတ်များ ဖြည့်သွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား ယမန်နေ့နံနက် (၁၀) နာရီခွဲ က ပြည်နယ်/ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အင်ဂျန်းယန်မြို့နယ်အတွင်းရှိ ပထမအကြိမ် မဲဆန္ဒရှင်စာရင်း ကြေညာကပ်ထားရာ မှတ်ပုံတင် အမှတ်လိုအပ်ချက်များ ဖြည့်သွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို  ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ပြည်နယ်ဦးစီးမှူး ဦးစိုးပိုင်မြင့်၊ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ခရိုင်ဦးစီးမှူး ဦးသန်းထွန်းအောင်နှင့် အဖွဲ့သည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးတွင် မှတ်ပုံတင်အမှတ်များ ဖြည့်သွင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးခဲ့သည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ ရွေးကောက်ပွကော်မရှင် အဖွဲ့ခွဲအဖွဲ့ဝင်များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား စနစ်တကျ ပူးပေါင်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သိရသည်။

ကျော်စိုးနိုင်(ပြန်/ဆက်)