မိုင်းဆတ်-တာချီလိတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

မိုင်းဆတ် မတ် ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်-တာချီလိတ်လမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းဆောင်ရွက် နေမှုအား ခရိုင်တည်ဆောက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေမျိုး အောင်၊ ခရိုင်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်လမ်းဦးစီးမှူး ဦးမျိုးဇာနည်ဦးနှင့် အဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ(၁)နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

စစ်ဆေးရာတွင်၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေနှင့် ပြည်နယ်အစိုးရရန်ပုံငွေဖြင့် လမ်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျှက်ရှိသော မိုင်းတွမ်း-မိုင်းဆတ်လမ်းပိုင်း လမ်းအရှည် (၄) ကီလိုမီတာနှင့် မယ်ကျန်း“ဝ”ရွာဘေးမြေပြိုနေမှုအား လမ်းတာဘောင်မြေဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ တင်မြင့်ရီကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်လျက်ရှိသော လမ်းအရှည် (၁)မိုင် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို ကြည့်ရှု့စစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)