မိုင်းစံ ဩဂုတ် ၂၄
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းစံမြို့၌ ရပ်ကွက်၊ ကျေးရွာအုပ်စုများအတွင်းရှိ မသန်စွမ်းသူများအား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးခြင်းအပေါ် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းက နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သည့် ထောက်ပံ့ငွေများအား မိုင်းစံမြို့အတွင်းရှိ မသန်စွမ်းသူများ တစ်ဦးလျှင် ငွေသားသုံးသောင်းကျပ် ဖြင့် လူဦးရေ (၈) ဦးအား ဆက်လက်ပေးအပ်ခဲ့ပါသည်။ အဆိုပါ ပေးအပ်မှုတွင် မြို့အုပ်ချုပ်ရေးမှူး၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ပြည်သူလက်ဝယ် အရောက်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)