မိုင်းစံ သြဂုတ် ၂၄
၂၀၂၀ ပြည့်နှစ်၊ နို၀င်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အဆင်ပြေ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်းကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းစံမြို့ ၌ ယမန်နေ့နံနက် ၉နာရီ အချိန် က အမှတ်(၁)ရပ်ကွက်သို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် မြို့ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့်အတူ မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်လင်းနှင့်အဖွဲ့၀င်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က အမှတ်(၁)ရပ်ကွက်အတွင်း အိမ်တိုင်ရာရောက်ကွင်းဆင်း၍ တိုက်ဆိုင်စစ်ဆေးခဲ့သည်။
ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မဲစာရင်းပါအချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ မဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်အားလုံး မဲစာရင်းတွင် အမည်စာရင်းပါရှိရေးနှင့် မပါ၀င်သင့်သူများ ပါ၀င်မှုမရှိစေရေးတို့အတွက် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခင်ချို (ပြန်/ဆက်)