ဗန်းမော်၌ ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရန် မြို့တွင်းစားသောက်ဆိုင် ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

ဗန်းမော်   သြဂုတ်     ၂၄

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေး ပွဲကို ယမန်နေ့ နံနက် ၁၀နာရီတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အစည်းအဝေး ခန်းမ၌ ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် လက်ထောက်ညွှန်ကြားရေးမှုး ဦးထွန်းထွန်းဦးက  ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စားသောက်ဆိုင်များ ပြန်လည်ဖွင့်လှစ်ရာတွင် လိုက်နာရမည့်အချက်များ၊ ကာကွယ်ထိန်းချုပ် ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီမှ သတ်မှတ်ထားသည့် စည်းကမ်းများကို လိုက်နာကြရန်၊ လိုက်နာခြင်းမရှိသည့် စားသောက်ဆိုင်များအား ပထမအကြိမ် သတိပေးခြင်း၊ ဒုတိယအကြိမ်ဆိုင်(၃)ရက် ပိတ်သိမ်းစေခြင်းနှင့် တတိယအကြိမ် မလိုက်နာပါက ထိရောက်စွာ အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦး၊ ဒုတိယဦးစီးမှူး ဦးသိန်းထွန်း အောင်၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးကျော်ကျော်ဦးနှင့် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်ပိုင်ရှင် (၆၀)ဦးခန့် တတ်ရောက်ခဲ့သည်။

အလားတူ သြဂုတ် ၂၂ ရက်နေ့ကလည်း ဗန်းမော်မြို့၊ သိမ်မဟာစေတီတော်ရှေ့၌ ညနေစျေးတန်း ဖွင့်လှစ်ရောင်းချနေသည့် ပျံကျစျေးသည်များ အား ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့သေးကြောင်း သိရသည်။

ဗန်းမော်(ပြန်/ဆက်)