မိုင်းလုံ သြဂုတ် ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်နေထိုင်သော ပုံမှန်ဝင်ငွေမရှိသည့် အခြေခံ လူတန်းစား အိမ်ထောင်စုများကို နိုင်ငံတော်အစိုးရမှငွေသားဖြင့် တတိယအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ပြည်သူများ လက်ဝယ်အရောက် ယမန်နေ့ညနေ(၄)နာရီ အချိန်က သွားရောက် ထောက်ပံ့ပေးခဲ့သည်။
အဆိုပါ ထောက်ပံ့ငွေများကို မိုင်းလုံမြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများနှင့် ရပ်မိရပ်ဖများက အိမ်အရောက်သွားရောက်၍ အိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေ(၂၀၀၀၀/-) နှုန်းဖြင့် သွားရောက်ထောက်ပံ့ပေးခဲ့ရာ မိုင်းလုံမြို့အနေဖြင့် နိုင်ငံတော်အစိုးရမှ တတိယအကြိမ် ထောက်ပံ့ပေးသည့် ထောက်ပံ့ငွေများကို ရပ်ကွက်(၆) ရပ်ကွက်တွင် အိမ်ထောင်စု(၁၂၀)စုနှင့် ကျေးရွာအုပ်စု ၁၉ အုပ်စုမှ အိမ်ထောင်စု(၉၅၈)စု စုစုပေါင်း အိမ်ထောင်စု (၁၀၇၈)စုအတွက် ထောက်ပံ့ငွေ (၂၁၅၆၀၀၀၀/) ကျပ်ကို ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဇော်ဇော် (ပြန် /ဆက်)