ဖျာပုံ သြဂုတ် ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်အတွင်း မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဖျာပုံခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းက ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသော နိုင်ငံသားတိုင်း မဲဆန္ဒရှင်စာရင်းတွင် ပါဝင်နိုင်ရေး၊ မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်ရေးနှင့် ကျန်ရှိမှုမရှိစေရေးတို့ကို ဆွေးနွေးမှာကြားသည်။
ထိုနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်းနှင့် တာဝန်ရှိသူများသည် ဖျာပုံမြို့နယ်အတွင်းရှိ အမှတ်(၃) ရပ်ကွက်၊ သလိပ်ကြီးကျေးရွာသို့ သွားရောက်ပြီး၊ ရွေးကောက်ပွဲကာလအတွင်း မဲရုံများအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ လိုက်လံကြည့်ရှု စစ်ဆေးကြပြီး လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးသန်းဆွေဝင်း၊ ဖျာပုံခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ ဖျာပုံခရိုင်ကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ်အဆင့် တာဝန်ရှိသူများ တက်ရောက် ကြကြောင်းသိရသည်။
ခရိုင်(ပြန်/ဆက်)