မိုးမိတ် မတ် ၆
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ် မြို့ဝင်မြို့ထွက်လမ်းများတွင် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက်မှ စတင်၍ ဆောင်ရွက်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုး၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ နေဝင်းလှိုင်တို့မှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်းများနှင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ခဲ့သည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့ဝင်မြို့ထွက်လမ်းများ၌ ကျန်းမာရေးစစ်ဆေးခြင်း၊ အပူချိန် တိုင်းတာခြင်း၊ ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းများအပြင် ကားဂိတ်များနှင့် လူစည်ကားရာ လမ်းဆုံများတွင် အသိပေးပိုစတာများ ကပ်ခြင်းများကို ဆောင်ရွက်ထားရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)