သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ တွင် အခြေခံလက်မှုပညာ သင်တန်းဖွင့်လှစ်မည်

သီပေါ   မတ်  ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် စျေးချိုတော်အလင်း(ငါးပြားတန်) စာကြည့်တိုက် တို့ပူးပေါင်း၍   အခြေခံလက်မှုပညာသင်တန်းအား အခမဲ့ ဖွင့်လှစ် သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အခြေခံလက်မှုပညာသင်တန်းကို  နွေရာသီကျောင်းပိတ်ရက်အတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်၍ ဝင်ထွက် သွားလာ အသုံးပြုတတ် စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။

သင်တန်း တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူ ၊ လူငယ်များအနေဖြင့် သီပေါမြို့နယ် စျေးချိုတော်အလင်း (ငါးပြားတန်)စာကြည့်တိုက်သို့  ကြိုတင်ဆက်သွယ် စာရင်းပေးသွင်းနိုင်ကြောင်း နှင့် သင်တန်းကာလမှာ မတ်လ(၁၆) ရက်နေ့မှ (၂၂)ရက်နေ့ အထိ တစ်ပတ်ကြာ သင်ကြားပြသပေးသွားမည် ဖြစ်ကြောင်းသိရသည်။

ခင်လေး(ပြန်/ဆက်)