ဇမ္ဗူသီရိ ဩဂုတ် ၂၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club) နှင့် စာပေဝါသနာရှင်များသည် စာရေးဆရာ ယဉ်ကျေးဆု ရေးသားသည့် “ဖိုးသီလ ၏ သုတမှတ်စု” စာအုပ်ကို ဩဂုတ် ၂၂ ရက်နေ့ နံနက် (၁၀) နာရီက ဇမ္ဗူသီရိ မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်ခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်မောင်က စာဖတ်ဝိုင်းကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားခဲ့ပြီး ဦးတင်မောင်အေး (ယဉ်ကျေးဆု)က “ဖိုးသီလ၏ သုတမှတ်စု” စာအုပ်ပါ အကြောင်းအရာများအား အကျယ်တဝင့် ဆွေးနွေးကာ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အတွင်းရေးမှူး ဒေါ်သက်သက်နွယ် ၊ ဇမ္ဗူသီရိမြို့နယ် ပြန်/ဆက်ဦးစီးမှူး ဒေါ်နီလာစိုး၊ စာရေးဆရာနွေး(သရက်)၊ စာရေးဆရာ ခိုင်မင်း(နေပြည်တော်)၊ စာပေဝါသနာရှင် ဦးမောင်မောင်ကြီး၊ စာပေဝါသနာရှင် ဦးဖိုးကောင်းနှင့် စာပေ ဝါသနာရှင် ဦးဟန်ညွှန့်တို့မှ စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ရှုထောင့် အမျိုးမျိုးမှ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ စာဖတ်ဝိုင်းသို့ နေပြည်တော် စာပေဝိုင်းအဖွဲ့မှ စာရေးဆရာများ၊ ဇမ္ဗူသီရိမြို့နယ် (Book Club) အဖွဲ့ဝင် များနှင့် စာပေဝါသနာရှင် စုစုပေါင်း (၁၃) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဟိန်းသူအောင်(ပြန်/ဆက်)