ကွတ်ခိုင် သြဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့တွင် မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းမှ အာဟာရဖွံ့ဖြိုးမှုမြှင့်တင်ရေး ရက်သတ္တပတ်လှုပ်ရှားမှုများ အခမ်းအနားကို ယမန်နေ့ နံနက် (၉)နာရီအချိန် က မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းရုံး၌ ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှူး ဒေါက်တာဝင့်ဝင့်မြိုင် မှ အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်သူနာပြု ဆရာမ ဒေါ်အေးအေးဌေး က အာဟာရဖွံ့ဖြိုးမှု မြှင့်တင်ရေးနှင့်ပတ်သက်သော သိမှတ်ဖွယ်ရာ ဗဟုသုတမေးခွန်းများကို ကိုယ်ဝန်ဆောင် မိခင် များ မေးမြန်းခြင်းနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ပြုလုပ်ကာ ကိုယ်ဝန်ဆောင်မိခင်များ သိလိုသည်များအား ပြန်လည်ဖြေကြားပေးသည်။
အဆိုပါ ရက်သတ္တပတ်လှုပ်ရှားမှုတွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ကိုယ်ဝန်ဆောင်မိခင် (၅၀)ဦးခန့်နှင့် နို့တိုက်မိခင်များ တက်ရောက်ပြီး တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမိုင်း(ပြန်/ဆက်)