နမ္မတူမြို့နယ် နားကျဲကျေးရွာ၌ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ ဖွံ့ဖြိုးရေးအထောက် အကူပြု ထောက်ပံ့ငွေများပေးအပ်

နမ္မတူ    ဩဂုတ်   ၂၅

နမ္မတူမြို့နယ်ရှိ နားကျဲကျေးရွာ၌ စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD) မှ ဖွံ့ဖြိုးရေးအထောက် အကူပြု ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်း က  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နားကျဲကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် စိမ်းလန်းဘဝလူမှုဖွံ့ဖြိုးမှုအဖွဲ့ (GLAD)မှ စီမံကိန်းတာဝန်ခံ  ဦးမိုင်းညီကွက်နှင့် ဒေါ်လွေးဇာဇာဝင်း တို့က နားကျဲကျေးရွာနေ ဒေသခံပြည်သူများ  တင်ပြ တောင်းခံသည့် ကျေးရွာခန်းမဆောင်သွား လူသွားလမ်းအား  အကျယ် (၁၀)ပေ၊ အရှည် (၈၀၀)ပေ၊ ကျောက်ချောလမ်းခင်းရန်အတွက် ထောက်ပံ့ငွေကျပ် (၁၄)သိန်းအား ကျေးရွာကော်မတီသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

အဆိုပါ နားကျဲကျေးရွာ ခန်းမဆောင်သွားလမ်းသည် မိုးအခါတွင် လူများ၊ ကျွဲ၊ နွား၊ လှည်း၊ ဆိုင်ကယ်များသွားလာလျှင် ရွှံ့ဗွက်များဖြစ်နေပြီး သွားလာရန်ခက်ခဲခြင်း၊ နွေအခါတွင်လည်း ဖုန်တလုံးလုံးဖြင့် သွားလာ၍အဆင်မပြေကြောင်း၊ ယခုလို ကျောက်ချောလမ်း ခင်းပြီးပြီဆိုပါက သွားလာရလွယ်ကူခြင်း၊ အချိန်ကုန်သက်သာခြင်း၊ စီးပွားရေး၊ ပညာရေးစသည်ဖြင့် ဘက်စုံဖွံ့ဖြိုး အဆင်ပြေလာမည်ဖြစ်ကြောင်း နားကျဲကျေးရွာ ကော်မတီဝင်များ၏ ပြောကြားချက်အရ သိရသည်။

လူမော် (ပြန်/ဆက်)