လင်းခေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

လင်းခေး     သြဂုတ်  ၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင်၊ လင်းခေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကြိုတင်ကာကွယ်ရေး ကျန်းမာရေးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြစေရန် ရည်ရွယ်လျက်  လင်းခေးမြို့ တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ပူးပေါင်း အဖွဲ့သည် ယနေ့နံနက် ၇နာရီ က လင်းခေးမြို့ ယာယီစျေး၊ မြို့မစျေးရှိ လူအများ အသွားအလာများသည့် နေရာတို့၌ အဆိုပါလုပ်ငန်းကို ကွင်းဆင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့သူ/သားများအားလုံး လူစုလူဝေးရှောင်ရှားရန်၊ လက်ကိုစနစ်တကျ မကြာခဏ ဆေးကြောစေရန်၊ အပြင်ထွက်ရန်လိုအပ်ပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ရန် အသိပညာပေး ဟောပြောခြင်း၊ နှာခေါင်းစည်းမတပ်ဆင် သူများအား အခမဲ့ဝေငှပေးခြင်းနှင့် တပ်ဆင်နည်း၊ တပ်ဆင်ရန်မသင့်လျော်တော့သည့် Mask များ အစား အသစ်လဲလှယ်ပေးခြင်း လုပ်ငန်းများကို ပူးပေါင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြပါသည်။

ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သန်းဇော်နှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီမှ အမှုဆောင်ရာရှိနှင့်ဝန်ထမ်းများ လူမှုရေး အသင်းအဖွဲ့များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ခရိုင်နှင့်မြို့နယ် ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သန်းနှင့် ဝန်ထမ်းများ ပူးပေါင်းဆောင် ရွက်ခဲ့ကြကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)