ကွန်ဟိန်း ဩဂုတ် ၂၅
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ လတ်တလောဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ နှာခေါင်းစည်း Mask တပ်ဆင်ခြင်း ရှိ/မရှိ စစ်ဆေးခြင်းအား ယနေ့နံနက်(၈:၀၀)နာရီအချိန် က စ၍ ကွန်ဟိန်း တံတားစစ်ဆေးရေးဂိတ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် ပြည်သူများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကြေငြာချက်များကို လိုက်နာဆောင်ရွက်မှုရှိစေရန်၊ မြို့နယ်အတွင်းသို့ ဝင်ရောက်လာသည့် မော်တော်ယာဉ်များ၊ မြို့နယ်အတွင်းသွားလာနေသည့် မော်တော်ယဉ်များ၊ ဆိုင်ကယ်များ၊ ဒေသခံပြည်သူများအား နှာခေါင်းစည်း Mask တပ်ဆင်စေရန်၊ တပ်ဆင်လာခြင်း မရှိပါက ဒဏ်ငွေ ငါးရာကျပ်အား ပေးဆောင်စေ၍ Mask တစ်ခုဖြင့်လဲလှယ်ပေး၍ ချက်ခြင်းတပ်ဆင်စေခြင်း၊ အသိပညာပေးခြင်းများအား ဆောင်ရွက်ခဲ့ပါသည်။ ထိုသို့ဆောင်ရွက်မှုအား မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ နေ့စဉ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)