မိုးနဲ ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး ရှင်းလင်း ဆွေးနွေးခြင်းကို မြို့နယ် ကမ္ဘောဇခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန် က ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကိုဗစ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ် ရေးမှူး ဦးစိုးထွဋ် က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ပိုးတွေ့လူနာတွေ့ရှိမှု အခြေအနေများနှင့် မိမိတို့မြို့နယ် အတွင်း စောင့်ကြည့်ရေးစခန်းများ၊ နယ်မြေစစ်ဆေးမှု လုပ်ငန်းများကို သက်ဆိုင်ရာဌာနများနှင့် ပရဟိတအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်သွားရန်၊ စျေးများ၊ စားသောက်ဆိုင်များ၊ လူစည်ကားရာ နေရာနှင့် လမ်းဆုံများတွင် နှာခေါင်းစည်းတပ်ဆင်မှုများကို ရှောင်တခင် ပြန်လည်စစ်ဆေးသွားရန် လိုအပ်ကြောင်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စုများအထိ ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ရေး အသံချဲ့ဖြင့် လှည့်လည်ကြေညာနိုင်ရေးအတွက် ရှင်းလင်း ပြောကြားခဲ့ သည်။
ဆက်လက်၍ တက်ရောက်လာသော ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်းအဖွဲ့များက မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ အကြံပြုဆွေးနွေးတင်ပြခဲ့ကြကြောင်း သိရသည်။
မျိုးညွန့်ရွှေ (မိုးနဲ)