နမ့်ဆန်၌ Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေးမလုပ်ရန် မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်နှိုးဆော်

နမ့်ဆန်   မတ် ၅

ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ်၌ Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေး မလုပ်ရန်၊ ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့် ပတ်သက်၍ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ခရီးသွား မိဘပြည်သူများအား စောင့်ကြည့်စစ်ဆေးခြင်း လုပ်ငန်းများကို  ယမန်နေ့ နံနက်(၇)နာရီမှစ၍  ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် Novel Corona Virus ကြိုတင်ကာကွယ်ရေး ဆောင်ရွက်မှုအဖြစ် ကော်မတီအဖွဲ့ဝင် ဦးစိုးညွန့် ဦးစီးမှူး  လယ်ယာစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း(၂)ဦး မြို့နယ်ထွေ/အုပ်ဝန်ထမ်း(၂)ဦး၊ မြန်မာ နိုင်ငံရဲတပ်ဖွဲ့(၂)ဦး၊ မန်မိုင်ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ နမ့်ဆန်ဌာနပြည်သူ့စစ်(၂)ဦး၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များ တို့ပူးပေါင်းပါဝင်သည့် အဖွဲ့တို့က နမ့်ဆန်မြို့အဝင်နေရာတွင် မူဆယ်၊ လားရှိုး၊ သီပေါ၊ ကျောက်မဲနှင့်အခြားသော မြို့နယ်များမှ ဝင်ရောက်လာသည့်ခရီးသည်တင်ယာဉ်(၁၀)စီး၊ အခြားယာဉ်(၉)စီးနှင့်ဆိုင်ကယ်(၁၂)စီးတွင် လိုက်ပါလာသော ခရီးသည်များထဲ တွင် တရုတ်နိုင်ငံမှ ဝင်ရောက်လာသောခရီးသည်များ ပါရှိခြင်း ရှိ/မရှိ စစ်ဆေးခြင်းနှင့် လိုက်ပါလာသည့် ခရီးသည် စုစုပေါင်း(၁၄၇)ဦးအား အပူချိန်တိုင်းတာခြင်း၊ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း ဆောင်ရွက်ခဲ့ရာ ထူးခြားမှုတစ်စုံတစ်ရာ မရှိကြောင်းသိရှိရသည်။

မွန်းလွဲပိုင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်တို့က Novel Corona Virus ကြိုတင်ကာကွယ်ရေး လူစုလူဝေးမလုပ်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိရန်၊ မိမိရပ်ကွက်/ကျေးရွာများတွင် တရုတ်ပြည်မှ ဝင်ရောက်လာပြီး ကျန်းမာရေး အခြေအနေထူးခြားမှုရှိပါက သက်ဆိုင်ရာကျန်းမာရေးဌာနနှင့် ရပ်ကွက်တာဝန်ရှိသူများအား အမြန်ဆုံး အကြောင်းကြားနိုင်ရန် မြို့ပေါ်ရပ်ကွက်များနှင့် တပေါင်းပွဲကျင်းပရာ ပွဲခင်းအထိ လှည့်လည်ဟောပြော နှိုးဆော် ခဲ့ကြကြောင်းသိရသည်။

အောင်မိုး (နမ့်ဆန် ပြန်/ဆက်)