ပုသိမ်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ရဟန္တာအပါး (၅၀၀)တို့အား စတုမဓူဆေးဆွမ်း ကပ်လှူပူဇော်ပွဲကြီး ကျင်းပသွားမည်

ပုသိမ်  န်နဝါရီ   ၁၀

ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်မြို့၏ သမိုင်းဝင် ရှေးဟောင်းဘုရားတစ်ဆူဖြစ်သော ရွှေမုဌော မဟာစေတီတော်မြတ်ကြီးတွင် မြတ်စွာဘုရားအမှူးထား၍ ရဟန္တာအပါး (၅၀၀)တို့အား (၉၅)ကြိမ်မြောက် စတုမဓူဆေးဆွမ်းတော် ကပ်လှူပူဇော်ပွဲတော်ကြီးအား ပုသိမ်မြို့ ရွှေမုဌော မဟာစေတီတော်မြတ်ကြီးတွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ကုသိုလ်တော်အဖြစ် ပါဝင်လှူဒါန်း ကုသိုလ်ပြုလိုသူများသည် စတုမဓူ ဆေးဗူးများ၊ ပျားရည်၊ နှမ်းဆီစသော စတုမဓူကြိုချက်ရန် အတွက် ပါဝင်လှူဒါန်း ကုသိုလ်ပြုလိုသူများသည် စတုမဓူ ဆေးဗူးများ သကာရည်၊ ပျားရည်နှမ်းဆီ၊ ထောပတ်များအမွှေးနံ့သာ ဆီမီးတိုင်များနှင့် နဝကမ္မ အလှူတော်ငွေများကို ရွှေမုဌော မဟာစေတီတော်မြတ်ကြီး၏ ဘဏ္ဍာတော် ထိန်း ဂေါပကအဖွဲ့ရုံးတွင် ကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းဖြင့် ဖြစ်စေ၊ ကုသိုလ်ပြုလှူဒါန်းနှိုင်ပါကြောင်း ဘုရားကြီးဂေါပကအဖွဲ့ကြီးရှိ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

ရွှေမုဌောဘုရားကြီး  ရင်ပြင်တော် ရာဟုဒေါင့် ဇေတဝန်မဏ္ဍပ် စံကျောင်းတော်ကြီး၌ ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့က ကြီးမှူး၍ အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ (၁၃--၂၀၂၂) (ကြာသပတေးနေ့)မှ (၁၆--၂၀၂၂) (တနင်္ဂနွေနေ့)အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)