မိုင်းလုံမြို့တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) ဖြင့် ထောက်ပံ့မှုအရ ဆောင်ရွက်သော (RS-CS) မိုးစပါးမျိုးစေ့ထုတ် (၅)ဧက စိုက်ခင်းအတွင်း မျိုးကွဲနုတ်ပယ်ခြင်း ဆောင်ရွက်

မိုင်းလုံ   ဩဂုတ်  ၂၅

ရှမ်းပြည်နယ်(မြောင်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၊ စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါ စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ မိုးစပါးမျိုး ပြတ်လပ်မှုမရှိစေရန်နှင့် တောင်သူများအနေဖြင့် မျိုးကောင်းမျိုးသန့်စပါးမျိုးများ ပြောင်းလဲသုံးစွဲရာတွင် အဆင်ပြေ စေရန် အတွက် မိုးစပါး (RS-CS) မျိုးစေ့ထုတ်ကွက် (၅)ဧကအား စိုက်ခင်းအတွင်း မျိုးကွဲများ နှုတ်ပယ်ခြင်းကို ယမန်နေ့ညနေပိုင်းအချိန်က ကွင်းဆင်းစစ်ဆေးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ သည်။

အဆိုပါ မျိုးကောင်းမျိုးသန့်မိုးစပါးမျိုးများ ရရှိနိုင်ရန် စိုက်ပျိုးထားသော အခင်းတွင် မျိုးမသန့်သည့် စပါးမျိုးများ အလွယ်တကူဖယ်ရှားနိုင်ရန်နှင့် ပေါင်းမြက်များ အလွယ်တကူ ရှင်းလင်းနိုင်ရန်အတွက် ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့် စိုက်ပျိုးထားရှိပြီး စိုက်ခင်းသို့ ကျောက်မဲခရိုင် မျိုးစေ့တာဝန်ခံ ဦးဇော်ဝင်း၊ မိုင်းလုံမြို့စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စိုးစိုးအေးနှင့် ဝန်ထမ်းများက တောင်သူများနှင့်အတူ ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ ကြည့်ရှုစစ်ဆေးခြင်း၊ မျိုးခွဲပယ်ခြင်း၊ စိုက်ပျိုးရေးနည်းစနစ်များ ကွင်းဆင်းပညာပေးခြင်းတို့ကို ဆောင်ရွက် လျက်ရှိကြောင်း မိုင်းလုံမြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဇော်ဇော်(ပြန်/ဆက်)