အထက(ဟိုပန်)တွင် မိုင်းအန္တရာယ်နှင့်ကျန်းမာရေးအသိပညာပေး ဟောပြော

ဟိုပန်     ဩဂုတ်   ၂၅

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီအချိန် က မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မိုင်းအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့သည်။

မြို့နယ်ကြက်ခြေနီအသင်း ဥက္ကဋ္ဌ ဦးသိန်းဝင်း က ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် Mask များ စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်၊ လက်ကို စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ လိုက်နာနေထိုင်ရန်ကိုလည်းကောင်း၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ တပ်ခွဲမှူး ဦးထိန်လင်း က မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာနှင့် ဆောင်ရန်ရှောင်ရန်များ ကို လည်းကောင်း၊ ဒေါ်နန်းခမ်းပန် က မိုးရာသီတွင်အဖြစ်များသော သွေးလွန်တုပ်ကွေး ရောဂါနှင့် ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးတို့အတွက် သိရှိလိုက်နာရမည့် အချက်များကို လည်းကောင်း အသိပညာပေး ဟောပြောခဲ့သည်။ ထို့နောက် ကျောင်းသား/သူများက သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)