နမ့်စန် (တ) ဩဂုတ် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်မှုအရ အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူများကို ယနေ့နံနက် ၉ နာရီခွဲ က SRHR (Sex and Reproductive Health and Rights) အဖွဲ့မှ တာဝန်ရှိသူများက စားသောက် ဖွယ်ရာများနှင့် အသုံးအဆောင်ပစ္စည်းများကို အမှတ်(၅)ရပ်ကွက်ရှိ ၄ထပ်ဆောင် Quarantine အဆောက်အဦတွင် သွားရောက်ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။
SRHR အဖွဲ့မှ Project Manager ဦးခွန်ကီးနှင့် ဝန်ထမ်းများက Quarantine အဆောက်အဦတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသည့် ပြည်သူ ၁၄ ဦးကို အစားအသောက်နှင့် အသုံးအဆောင်ပစ္စည်းများ သွားရောက် ပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သူရအောင်(ပြန်/ဆက်)