နောင်ချို သြဂုတ် ၂၅
ကျောက်မဲခရိုင်၊ နောင်ချိုမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များတွင် Mask နှင့် Hand Gel များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး အတွက် တာဝန်ရှိသူများက ယမန်နေ့ က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးပေါင်ခန့်လန့်နှင့်အတူ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စည်ပင်သာယာရေးဌာန၊ ကျန်းမာရေးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ကာလအတွင်း ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေချိန်၌ စားသုံးကုန်များ၊ ဆေးဝါးများ၊ Maskနှင့် Hand Gel များ ဈေးနှုန်း မြှင့်တင်ရောင်းချခြင်း၊ သိုလှောင်ခြင်း၊ ဈေးကစားခြင်းများ မပြုလုပ်ကြစေရေး ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။
ကွင်းဆင်းစစ်ဆေးမှုများပြုလုပ်ခဲ့ရာ နောင်ချိုမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးလုပ်ငန်းအတွက် ငွေကြေးကုန်ကျစရိတ် သက်သာနိုင်စေရန် Mask နှင့် Hand Gel များ ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းမရှိဘဲ သက်သာသော ဈေးနှုန်းများဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း သိရသည်။
ထွေးငယ် (နောင်ချို၊ ပြန်/ဆက်)