ပင်းတယ ဩဂုတ် ၂၅
ရှမ်းပြည်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ စီးပွါးရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန် က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း က အဖွင့်အမှာစကား ပြောကြားရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ ဆောင်ရွက်နေမှုများနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း များ ပိုမိုကာကွယ်နိုင်ရန်အတွက် ဒေသတွင်းဆောင်ရွက်နေမှုများကို ရှင်းလင်းပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်မော်မော်လွင် က မိုးစပါးမျိုးစေ့ထုတ်လုပ်ငန်းအတွက် ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ဒေသဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးအာကာလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမျိုးဇော်နှင့် တာဝန်ရှိသူများက ပင်းတယမြို့နယ် ကျေးရွာအုပ်စု ၄ စုရှိ ကျေးရွာ ၈ ရွာ မှ တောင်သူ ၃၃ ဦးတို့၏ စပါးစိုက်ဧက ၇၀ ဧကအတွက် ထောက်ပံ့ငွေများကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)