ဆီဆိုင် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၌ MPT “ငွေမိုးဖြိုင်ဖြိုင်” ကံစမ်းမဲအစီအစဉ် ပထမအပတ်စဉ်မြောက် ကံထူးရှင် ၂ ဦး ထွက်ပေါ်ခဲ့ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
MPT “ငွေမိုးဖြိုင်ဖြိုင်” ကံစမ်းမဲအစီအစဉ် ပထမအပတ်စဉ်မှာ တစ်နိုင်ငံလုံးတွင် ဆုငွေ (၁၀)သိန်း ကံထူးရှင်(၁၀)ဦး ပေးအပ်သည့် အနက် ဆီဆိုင်မြို့၊ မြကန်သာရပ်ကွက်၊ နယ်မြေ (၄) တွင် နေထိုင်သည့် ဒေါ်စိန်ညွှန့် က ဆုငွေကျပ်(၁၀)သိန်းနှင့် ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်တွင် နေထိုင်သည့် မထားသက်သက်ဆွေ က ဆုငွေကျပ်(၁)သိန်းတို့ကို ရရှိခဲ့ရာ ကံထူးရှင်များ၏ (MPT Money) အကောင့်ထဲသို့ ချီးမြှင့်ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း” မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မြို့နယ်တာဝန်ခံ ဦးငြိမ်းဇော်ထွန်း ထံမှ သိရသည်။
MPT ဆင်းကဒ်အသုံးပြုသည့် ပြည်သူများ အင်တာနက်လိုင်း ပိုမိုလျှင်မြန်စေရန်အတွက် MPT အိတ်ချိန်းရုံးရှိ (Own Shop) တွင် MPT 4G ဆင်းကဒ် လဲလှယ်ခြင်း၊ ကတ်ပျောက်၊ ကတ်ပျက်သည့် ဆင်းကတ်များအား ပြန်လည်ပြုလုပ်ပေးခြင်း၊ ဆင်းကဒ် မှတ်ပုံတင်ပေးခြင်းများကို အမြန် ဆောင်ရွက်ပေးလျက်ရှိကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိရသည်။
(မြို့နယ်၊ ပြန်/ဆက်)