ဟိုပန်မြို့၌ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ဟိုပန်      ဩဂုတ်    ၂၅

“ဝကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဟိုပန်မြို့၌ ၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပ ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၈/၂၀၂၀)ကို ယနေ့နံနက်(၁၀)နာရီအချိန် က ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းဝေးခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ဟိုပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသိန်းဝင်းမှ ရွေး ကောက်ပွဲ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ရွေးကောက်ပွဲဆိုင်ရာ စံ(၅)ချက်ဖြင့် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ မဲစာရင်းမှန်ကန်ခြင်းနှင့် ပြည်သူများမဲထည့်ခြင်းဆိုင်ရာ အသိရှိဖို့သည် နိုင်ငံရေး ပါတီများတွင်လည်း တာဝန်ရှိကြောင်း၊ ရွေးကောက်ပွဲဆိုင်ရာအငြင်းပွားမှုများ စေ့စပ်ညှိနှိုင်းရေး ကော်မတီကိုလည်း ဖွဲ့စည်းသွားရန်ရှိသဖြင့် မြို့နယ်တွင်းရှိ ရွေးကောက်ပွဲဝင်ကြမည့် ပါတီများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ ထည့်ပေးကြရန် ပြော ကြားခဲ့သည်။ ထို့နောက် အတွင်းရေးမှူး ဦးအဲလီရှဲမှ မဲစာရင်းမှန်ကန်ရေး၊ မဲပေးပိုင်ခွင့်ရှိသူများ အားလုံး မဲပေးနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ မဲစာရင်းပုံစံများတွင်ဖြည့်သွင်း ဆောင်ရွက်ရမည့် အချက်များနှင့် လုပ်ထုံးလုပ်နည်းများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် နိုင်ငံရေးပါတီများထံသို့ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေစာအုပ် များကို ဖြန့်ဝေပေးခဲ့သည်။ ထို့နောက် တက်ရောက်လာသော နိုင်ငံရေးပါတီများမှ မိမိတို့သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါအစည်းဝေးသို မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ “ဝအမျိုးသားပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ညီညွတ်သောဒီမိုကရက်တစ်ပါတီတို့ တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)