မိုင်းပန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း မြို့နယ်စစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေး

မိုင်းပန်     ဩဂုတ်   ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း မြို့နယ်အတွင်းရှိ စားသောက်ဆိုင်များ၊ လက္ဖက်ရည်ဆိုင်များနှင့် တည်းခိုခန်း များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ၊ ကာကွယ်၊ ထိန်းချုပ်ရေး အတွက် လိုက်နာရမည့် စည်းကမ်းချက်များနှင့် စည်ပင်သာယာရေးဌာနမှ သတ်မှတ်ထားသော စည်းကမ်းချက် များနှင့်အညီ ဆောင်ရွက်ထားရှိမှု ရှိ/မရှိကို ယနေ့နံနက် (၉) နာရီအချိန် က စစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်း ဦးဆောင်၍ မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာ ရေးဌာနတို့ ပါဝင်သည့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးနှင့်ပတ်သက်၍ ချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန် လိုအပ်သည်များ အသိပေး မှာကြားခဲ့ကြောင်း သိရသည်။

ဆန်းမြင့်(ပြန်/ဆက်)