မိုးမိတ် ဩဂုတ် ၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စိုးနှင့် ဝန်ထမ်းများသည် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့မဈေးပတ်ဝန်းကျင်နှင့် မြို့အဝင်/ထွက်နေရာများတွင် Mask များ ဖြန့်ဝေခြင်းကို ယနေ့နံနက် ၇ နာရီအချိန် က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကျရောက်လာပါ က ကာကွယ်၊ ထိန်းချုပ်ရေးအတွက် ကိုရိုနာဗိုင်းရပ်စ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ပြောကြားခြင်း ဆောင်ရွက်ပေးခဲ့ပါတယ် မိုးမိတ်မြို့နယ်တွင် နေ့စဉ်နိုင်ငံရပ်ခြားမှ ပြန်လည်ရောက် ရှိလာသူများအား ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများက စာရင်းကောက်ယူလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးသို့ နေ့စဉ်ပေးပို့လျက်ရှိကြောင်းနှင့် ယနေ့အချိန်ထိ မိုးမိတ်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုမရှိကြောင်း သိရသည်။
မိုးမိတ်သား(စည်သူဌေး)