တနိုင်း မတ် ၃
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်နေပြည်သူများ လူမှုဘဝမြင့်မားစေရန်နှင့် တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေတိုးပွားစေရန် ရည်ရွယ်၍ တနိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံအပ်ချုပ်စက် သင်တန်း(၁/၂၀၂၀) ဖွင့်ပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက တနိုင်းမြို့နယ် မကောကျေးရွာအုပ်စု လမုန် ကျေးရွာ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြစ်ကြီးနားခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး တနိုင်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က လမ်းညွှန်အမှာစကားပြောကြားသည်။
ထို့နောက် တနိုင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခေတ္တမြို့နယ်ဦးစီးမှူး ဦးဝေထွန်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကချင်ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်မှ သင်တန်းဆရာမ ဒေါ်ကြူကြူအား သင်ထောက်ကူ ပစ္စည်းများပေးအပ်ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။ ရပ်မိရပ်ဖ ဦးအောင်ကျော်ဦးမှ ကျေးဇူးတင်စကား ပြောကြား သည်။
အဆိုပါ အခြေခံအပ်ချုပ်စက်သင်တန်းမှာ သင်တန်းသူ(၂၀)ဦးတက်ရောက်ပြီး သင်တန်းကာလ (၂.၃.၂၀၂၀)ရက်မှ (၂၉.၃.၂၀၂၀)ရက်နေ့အထိ ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ ပြည်နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးကျော်လင်းအောင်၊ ခရိုင်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်လွင်နှင့် ဌာနဆိုင်ရာများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းနှင့်အမျိုးသမီးရေးရာ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းသားများနှင့် သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝါဝါ(ပြန်/ဆက်)