လေးမျက်နှာမြို့နယ်၌ မိုးစပါး RS to CS မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေ ပေးအပ်

လေးမျက်နှာ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီ၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ စီးပွားရေး ကုစားမှုအစီအစဉ်(CERP)အရ မိုးစပါး RS to CS မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၁)နာရီအချိန်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ထွန်းက မျိုးသန့်စပါးများ စိုက်ပျိုးလာခြင်းအားဖြင့် နိုင်ငံတော်ကို အကျိုးပြုခြင်း ဖြစ်ကြောင်းတို့ကို အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးစောဝင်းရွှေက ကျေးရွာအုပ်စု(၁၁)စုမှ တောင်သူ(၄၃) ဦးကို CERP အစီအစဉ်ဖြင့် မျိူးစေ့ဖိုးနှင့် စိုက်ပျိုးစရိတ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ခြင်း ဖြစ်ကြောင်းနှင့် မိုးစပါး RS  to  CS မျိုးစေ့ထုတ် စိုက်ပျိုးသည့် တောင်သူများအား ထောက်ပံ့ငွေ ထုတ်ပေးမည့် အစီအစဉ်များကို ရှင်းလင်းပြောကြားခဲ့ပြီး တာဝန်ရှိသူများက  ပထမအကြိမ် RS to CS မျိုးစေ့ထုတ်စိုက်ပျိုးသည့်‌ ကျေးရွာအုပ်စု(၁၁)စုမှ တောင်သူ(၄၃)ဦး၏ မျိုးစေ့ထုတ် စိုက်ဧက(၁၃၅.၀၀)ဧကအတွက် ငွေကျပ်သိန်းပေါင်း (၁၁၂၇၂၅၀၀)ကျပ် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဟိန်း(ပြန်/ဆက်)