ဝါးခယ်မမြို့နယ်၌ စပါးတွင်ကျ ရောက်တတ်သောအဓိက လိပ်ပြာမျိုးရင်း ၀င်ပိုးများကို ဇီ၀နည်းဖြင့် ကာကွယ်နှိမ်နင်းခြင်း သရုပ်ပြပွဲဆောင်ရွက်

ဝါးခယ်မ    ဩဂုတ်  ၂၆

ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်  စိုက်ပျိုး‌ရေးဦးစီးဌာနက စပါးတွင် ကျရောက်တတ်သော အဓိကလိပ်ပြာမျိုးရင်း၀င် (lepidoptera, larva,caterpillar) ပိုးများကို    ဇီဝနည်းဖြင့် ကာကွယ်နှိမ်နင်းရန်  (Trichogramma  cards) ထရိုင်ဂိုဂရားမားနဂျီလွှတ်၍ ကာကွယ်နှိမ်နင်းခြင်းအား ယမန်နေ့ နံနက်ပိုင်းတွင် သရုပ်ပြကွင်းဆင်း ဆောင်ရွက်ခဲ့ ပါသည်။

အဆိုပါ သရုပ်ပြပွဲ၌ စပါးတွင်ကျရောက်တတ်သော အဓိကလိပ်ပြာမျိုးရင်း ၀င်ပိုးများကို ဇီဝနည်းဖြင့်  ကာကွယ်နှိမ်နင်းခြင်းကို ဝါးခယ်မမြို့နယ် အူကျွန်းကျေးရွာ မျိုးစေ့ထုတ်တောင်သူ ဦးဘမြင့်၏ ပေါ်ဆန်းရင်မျိုးစေ့ထုတ် စိုက်ခင်း(၁.၅)ဧက တွင် ပြုလုပ်ခဲ့ပြီး သရုပ်ပြပွဲသို့အူကျွန်း ကျေးရွာနှင့် ရေလိန်ကျေးရွာမှ တောင်သူများ၊ စိုက်ပျိုးရေးဌာနမှ ၀န်ထမ်းများ တက်ရောက် ခဲ့ကြောင်း သိရသည်။

 

စောသန္တာဦး(ပြန်/ဆက်)