ပန်းတနော်၌ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ်(၂)လုံးအား ထောက်ပံ့ပစ္စည်းပေးအပ်

ပန်းတနော်  သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်၊ တောကျောင်းအုပ်စု၊ နံဂါတ်ရိုးကျေးရွာတွင် ဧရာဝတီမြစ်ရေမြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော နေအိမ်(၂)လုံးအား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ ၂၄ ရက်နေ့က ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စု(၂)စု၊ လူဦးရေစုစုပေါင်း (၁၆)ဦးတို့အား ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေကျပ် ၃၃၆၀၀၊ အိမ်ဆောက်ပစ္စည်းဖိုး ရန်ပုံငွေကျပ် ၂၀၀၀၀၀၊ စုစုပေါင်းရန်ပုံငွေကျပ် ၂၃၃၆၀၀ တို့အား မအူပင်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများ သည် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အေးချမ်းအောင်(ပန်းတနော်)