အမာမြို့၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းကျင်းပ

အမာ   သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယနေ့ နံနက် ၁၁ နာရီအချိန်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)အသင်းက စာရေးဆရာဖေမြင့် ရေးသားသော "တန်ဖိုးထားအပ်သောအရာများ" စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပ ပြုလုပ်သည်။

ရှေးဦးစွာ အမာမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး နော်လေးလီယန်က စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာဖေမြင့် ရေးသားသော        " တန်ဖိုးထားအပ်သောအရာများ " စာအုပ် အား Book Club အသင်းအဖွဲ့ ဝင် ဒေါ်မြင့်မြင့်စန်း က ဦးဆောင်ဖတ်ကြား ဆွေးနွေးပြီး၊ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော စာပေဝါသနာရှင်များက တစ်ဦးခြင်းအလိုက် မိမိတို့၏ အမြင်များဖြင့် ပြန်လည်ဆွေးနွေးကြရာ၊ အဆိုပါ စာအုပ်ကို ဖတ်ရှုရခြင်းအားဖြင့် လူတိုင်းမှာ မိမိတန်ဖိုးထားသောအရာ၊ မိမိသစ္စာ စောင့်သိရမည် ဟု ယုံမှတ်ထာသောအရာ၊ မိမိလုပ်ဆောင် ရမည့် တာဝန်များကို ကျေပွန်အောင် ထမ်းရွက်ဖို့ကြိုးစားကြရမည့် အကြောင်းများနှင့် ပတ်သက်၍ အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

နော်လေး(အမာ)