ဇလွန်မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ မိုးစပါးမျိုးစေ့ထုတ် တောင်သူများ အား ထောက်ပံ့ငွေများပေးအပ်

ဇလွန်  ဩဂုတ် ၂၆


ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်၏ ထောက်ပံ့မှုဖြင့် ဇလွန်မြို့နယ် အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ် တောင်သူများအား ထောက်ပံ့‌ငွေများပေးအပ်ပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးဌေးလွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးမှ ကိုဗစ်- ၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်‌သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်သည့် ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြား ခဲ့သည်။

ယင်းနောက်ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်၏ ထောက်ပံ့မှုအရ ဆောင်ရွက်‌သော မိုးစပါးမျိုးစေ့ထုတ် တောင်သူများအား ပထမအကြိမ် ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဇလွန် မြို့နယ်အတွင်း ကျေးရွာအုပ်စု (၁၇)အုပ်စုမှ တောင်သူ(၅၅)ဦး၏ မျိုးစေ့ထုတ်လယ်ဧက (၂၁၀) အတွက်  တစ်ဧကလျှင် (၈၃၅၀၀)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်သိန်း(၁၇၅၃၅၀၀၀)ကို ထောက်ပံ့ ပေးအပ်ခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးသက်အောင်က နိဂုံးချုပ် အမှာစကား ပြောကြား ခဲ့ကြောင်းသိရသည်။

ဝေယံ(ပြန်/ဆက်)