မိုးမောက်မြို့နယ်၌ ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရ ဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့်လူထု လုပ်ရှားမှုအထိမ်းအမှတ်ကျန်းမာရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုးမောက်  သြဂုတ် ၂၆

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့ ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့မိခင်နို့တိုက်ကျွေးရေး ရက်သတ္တပတ်နှင့် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် များနှင့် လူထုလုပ်ရှားမှုအထိမ်းအမှတ်  အသိပညာပေးအခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီတွင် မြို့နယ်ပြည်သူ့ဆေးရုံ  အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ ဒု−မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထိုက်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်မေသင်းက ကိုယ်ဝန်ဆောင် မိခင်နှင့်အာဟာရ ရက်သတ္တပတ် အကြောင်းရှင်းလင်း၍  မြန်မာနိုင်ငံ ကျန်းမာရေးအသင်း စီမံချက်အရာရှိ ဦးဆန်းမင်းထွေးက ဒေသစွမ်းအားဖြင့် သာတူညီမျှကျန်းမာရေး စောင့်ရှောက်ရေး လက်လှမ်းမှီ ရရှိရေးစီမံချက်ကို (၂၀၁၉) ဇန်နဝါရီလမှ စတင်အကောင်ထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ၄င်းစီမံချက်တွင် ငှက်ဖျားရောဂါတိုက်ဖျက်ရေး၊ တီဘီရောဂါတိုက်ဖျက်ရေး၊ အာဟာရ ဖွံ့ဖြိုးရေးလုပ်ငန်း၊  မိခင်ကလေး စောင့်ရှောက်ရေးလုပ်ငန်းများ ပါဝင်ဆောင်ရွက် လျက်ရှိကြောင်းကို ပြောကြား သည်။

ထို့နောက် တက်ရောက်လာသည့် ကိုယ်ဝန်ဆောင်မိခင်များ၊ မွေးကင်းစကလေးများနှင့် တစ်နှစ်အောက် မိခင်ကလေးများကို အာဟာရနှင့် ပတ်သတ်သည့် ကျန်းမာရေးဗဟုသုတ မေးခွန်းများ မေးမြန်းဆွေးနွေးခြင်းကို ဆရာမကြီး ဒေါ်ဆိုင်းဘူနှင့် ဆရာမ ဒေါ်ရီရီဆန်းတို့က ဦးဆောင်ဆွေးနွေးပြီး မြို့နယ်ကျန်းမာရေးမှူး ဦးဆန်းနိုင်နှင့် ဆရာမများက  အဟာရမျှတစွာ ချက်ပြုတ်နည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့ကြောင်းနှင့် တက်ရောက်လာသူ ကိုယ်ဝန်ဆောင်များ၊ မွေးကင်းစကလေးများနှင့် တစ်နှစ်အောက် မိခင်ကလေးများကို အာဟာရ ဖြည့်စွက်စာများ ကျွေးမွေးပြီး လက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

လွန်းနန်းထွေး(ပြန်/ဆက်)