ဝိုင်းမော် ဩဂုတ် ၂၆
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်း (၇၅) ရာခိုင်နှုန်းပြီစီးပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အဆောက်အဦသစ်ကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုအစိုးရ ခွင့်ပြုရန်ပုံငွေ ဘတ်ဂျတ်သိန်း(၁၉၅၂)ဖြင့် မြစ်ကြီးနား မြို့အခြေစိုက် စာရတနာကုမ္ပဏီက ၂၀၂၀ပြည့်နှစ် မတ်လမှစ၍ တာဝန်ယူဆောက်လုပ်လျက်ရှိရာ ယခုလက်ရှိ (၂၆-၈-၂၀၂၀)ရက်နေ့ထိ ၇၅ ရာခိုင် နှုန်းခန့် ပြီးစီးပြီဖြစ်ပါကြောင်းနှင့် ကျောင်းအဆောက်အဦ သစ်သည် စာသင်ခန်း အပေါ်ထပ် (၄)ခန်း၊ အောက်ထပ်(၄)ပါဝင် သည့် RCC နှစ်ထပ်ဆောင် အမျိုးအစားဖြစ်ပြီး၊ အလျား (၁၄၀)ပေ၊ အနံ(၃၀) ပေ၊ အမြင့်(၂၄)ပေရှိ အဆောက်အဦဖြစ်ပြီး ယခုလာမည့် ၂၀၂၀ပြည့်နှစ်၊ စက်တင်ဘာလကုန်တွင် အပြီးတည်ဆောက်ကာ ပညာရေးဌာနသို့ စနစ်တကျ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ် ဆရာကြီး ဦးမြင့်ကျော်ထံမှ သိရှိရသည်။
ခိုင်သက်မွန်(ပြန်/ဆက်)