သာစည် ဇန်နဝါရီ ၃၁
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာရေးဆရာ နေနေနိုင်သူ ရေးသားထုတ်ဝေသည့် ဘဝအောင်မြင်ရေး လူ့သဘာဝတ္ထ အပိုင်းအစများ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနားကို ဇန်နဝါရီလ ၂၈ ရက် မွန်းလွဲ ၂ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိတ္ထီလာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမင်းဇော်က အမှတ်တရ စကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းက စာရေးဆရာ နေနေနိုင်သူ၏ ကိုယ်ရေးအကျဉ်းကို ဖတ်ကြားသည်။ဆက်လက်၍ သာစည်မြို့နယ် စာရေးဆရာအသင်း ဉက္ကဋ္ဌ ဆရာအောင်ပိုင်က မုဒိတာစကားပြောကြားခဲ့ပြီး၊ ဆရာတော်အရှင်နေမိန္ဒ ( သဒ္ဓမ္မဇောတိကဓဇ) စာရေးဆရာ နေနေနိုင်သူက ဘဝအောင်မြင်ရေး လူ့သဘာဝတ္ထ အပိုင်းအစများ စာအုပ်ရေးသား ထုတ်ဝေခြင်းနှင့် ပတ်သတ်၍ လူငယ်လူရွယ်လေးများ ဘဝအောင်မြင် တိုးတက်ရေးတွင် စိတ်ဝင် စားစေလိုခြင်းနှင့်အတူ လောကအမြင်နှင့် ဓမ္မအတွေးတိုကို တဆက်တစပ်တည်း တွေးတောနိုင်ရန် တင်ပြထားခြင်းဖြစ်ကြောင်းနှင့် ဘဝအောင်မြင်မှုရရန် ကြိုးစားနေသူများအတွက် အထောက် အပံ့ တစ်ခုရစေရန် ရည်ရွယ်ရေးသားထားခြင်းဖြစ်ကြောင်းတို့အား ရှင်းလင်း မိတ်ဆက်သည်။
ထို့နောက် စာရေးဆရာ နေနေနိုင်သူ က ခရိုင် / မြို့နယ် ပြည်သူ့စာကြည့်တိုက်၊ သာစည်မြို့ နယ်ခံစာရေးဆရာများ၊ သာစည်မြို့အမှတ်(၁) ခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) မီးရထားကျောင်း ကျောင်းစာကြည့်တိုက်များနှင့် တက်ရောက်လာသည့် စာပေချစ်သူများကို မေတ္တာလက်ဆောင်အဖြစ် စာအုပ်များပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်